ကြံပင်
စောင်းရှတဲ့
သစ်ရွက်စိမ်းတွေ
ဖန်တီးပေးဖို့အတွက်
သူတို့ရဲ့ချိုမြတဲ့ပင်စည်ကို
စတေးကြရတယ်။
ချိုမြတဲ့ပင်စည်ကို
စတေးရပြန်တယ်
စားကောင်းတဲ့
အချိုပွဲတွေအတွက်။
စားကောင်းတဲ့
အချိုပွဲတွေအတွက်
ကိုယ်ပိုင်နာမည်ကို
စတေးရပြန်ပါတယ်။ ။
ထက်ညီမောင်
No comments:
Post a Comment