ဝန်ခံခြင်း
သူပေါ့
စမ်းရေတွေကို အေးအောင်သင်ပေးခဲ့တာ
ပန်းတွေဝေတဲ့ မနက်ခင်းတစ်ခုကို
သူပဲ ဖန်တီးခဲ့တာပါ
သူပေါ့
နှင်းပွင့်တွေကို ဖြူစေခဲ့တာ
ဆေးသားစုံတဲ့ ရေဆေးပန်းချီတစ်ချပ်ကို
သူပဲ ရေးဆွဲခဲ့တာပါ
သူပေါ့
လရောင်တွေကို ယူပေးခဲ့တာ
မှောင်ရိပ်သန်းတဲ့ ဆူးခင်းလမ်းကို
သူပဲ ဖယ်ရှားခဲ့တာပါ။ ။
ထက်ညီမောင် ၆ ၁၂ ၂၀၁၃