Monday, December 2, 2013



                                                                                          အတိတ်

မနေ့က 
လေပြေတစ်ခုကို ဝင်တိုက်မိတယ်

မနေ့က 
သစ်ရွက်ကြွေတွေ လမ်းသလားနေပေါ့

မနေ့က 
ခပ်ညစ်ညစ် စိတ်ကူးကို ခေါင်းလျှော်မိတယ်

မနေ့က 
တိမ်တိုက်တွေကို အရောင်ဆိုးကြည့်ရင်း
Yesterday

မနေ့က
ခွင့်မတောင်းဘဲ စိတ်ကူးကြည့်မိတယ်

မနေ့က
မရေရာတဲ့ ပုံပြင်တွေကို စားနေမိတာပါ

မနေ့က
နတ်သမီးရဲ့ ဇာတာတစ်ခုကို ဖတ်ရတယ်

မနေ့က
သမိုင်းကြောင်းတစ်ခု ရေးခြစ်မိရင်း

ထက်ညီမောင်      ၁၂ ၁၁ ၂၀၁၃

No comments:

Post a Comment