Friday, December 6, 2013



                ဝန်ခံခြင်း


သူပေါ့

စမ်းရေတွေကို အေးအောင်သင်ပေးခဲ့တာ

ပန်းတွေဝေတဲ့ မနက်ခင်းတစ်ခုကို


သူပဲ ဖန်တီးခဲ့တာပါ



သူပေါ့

နှင်းပွင့်တွေကို ဖြူစေခဲ့တာ

ဆေးသားစုံတဲ့ ရေဆေးပန်းချီတစ်ချပ်ကို

သူပဲ ရေးဆွဲခဲ့တာပါ



သူပေါ့

လရောင်တွေကို ယူပေးခဲ့တာ

မှောင်ရိပ်သန်းတဲ့ ဆူးခင်းလမ်းကို

သူပဲ ဖယ်ရှားခဲ့တာပါ။    ။

                       
                                         ထက်ညီမောင်            ၆ ၁၂ ၂၀၁၃

No comments:

Post a Comment